တရုတ်-လာအိုမီးရထားလမ်း နိုင်ငံတကာခရီးသည်တင်ရထားက နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုများအတွက် ခွန်အားသစ်များ ဖြည့်တင်းပေးလျက်ရှိ

(GMT+08:00)2023-04-20 15:53:02  

ဧပြီလ ၁၃ ရက်နေ့တွင် တရုတ်-လာအိုမီးရထားလမ်း နိုင်ငံတကာခရီးသည်တင်ရထား စတင်ပြေးဆွဲချိန်မှစ၍ ရထားစီးနင်း၍ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံကို အသွားအပြန်ပြုလုပ်ခြင်းသည် နှစ်နိုင်ငံပြည်သူများ ခရီးသွားလာမှုပုံစံ၏ ရွေးချယ်မှုအသစ် ဖြစ်လာပါသည်။ လာအို-တရုတ်မီးရထားလမ်းကုမ္ပဏီလီမိတက်၏ စာရင်းဇယားများအရ နိုင်ငံတကာခရီးသည်တင်ရထား ပြေးဆွဲသည့် ကနဦးကာလတွင် နယ်စပ်ဖြတ်ကျော်ရထားတွဲများတွင် ထိုင်ခုံ ၂၅၂ ခုံ ထားရှိပြီး နေ့စဉ် ရထားတစ်စင်းလျှင် ပျမ်းမျှအားဖြင့် လက်မှတ် ၂၀၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရပါသည်။