ရှီကျင့်ဖိန်နှင့် ဂါဘွန်သမ္မတ Omar Bongo တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-04-20 15:52:13  

ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသော ဂါဘွန်နိုင်ငံသမ္မတ Omar Bongo နှင့် ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-ဂါဘွန် ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးကို ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ရန်

ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များ၏ရှေ့မှောက်၌ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ အိမ်ရာနှင့် မြို့ပြတည်ဆောက်ရေး၊ ရာသီဥတုပြောင်းလဲမှု စသည့်ကဏ္ဍများဆိုင်ရာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုစာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်သည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂါဘွန်သမ္မတနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်” ကို ထုတ်ပြန်ခဲ့သည်။