သမိုင်းတွင် အတိုင်းအတာ အကြီးဆုံး ကွမ်ကျိုးကုန်စည်ပြပွဲ ဖွင့်လှစ်

(GMT+08:00)2023-04-19 13:54:17  

   ၁၃၃ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲ(တရုတ် သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲ)ကို ဧပြီလ ၁၅ ရက်နေ့က ကွမ်ကျိုးမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ယခုနှစ် ကွမ်ကျိုးကုန်စည်ပြပွဲသည် ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးကတည်းက ပထမဆုံး အကြိမ် အော့ဖ်လိုင်းကျင်းပခြင်းဖြစ်ပြီး ပြပွဲစုစုပေါင်းဧရိယာသည် စတုရန်းမီတာ ၁.၅သန်းအထိ တိုးလာကာ အော့ဖ်လိုင်းပါဝင်ပြသသော လုပ်ငန်း ကုမ္ပဏီစုစုပေါင်းအရေအတွက်သည်လည်း ၂၅၀၀၀ မှ ၃၅၀၀၀ ခန့်အထိ တိုးလာခဲ့သည်ဟု China Media Groupမှသတင်းအရသိရပါသည်။