လေလံပွဲသမိုင်းတွင် အကြီးဆုံး ပတ္တမြားကို ဟောင်ကောင်ရှိ Sotheby's တွင် ပြသ

(GMT+08:00)2023-04-19 14:00:35  

        မကြာခင်ရက်များက Estrela de Fura ပတ္တမြားကို ဟောင်ကောင်ရှိ Sotheby's တွင် ပြသထားပါသည်။ ယင်းသည် နှစ်ဝက်ကြာ သေချာစွာ ဖြတ်တောက် ပွတ်တိုက် အချောကိုင်ပြီးနောက် ၁၀၁ct ကျောက်ကြမ်းကနေ Estrela ၅၅.၂၂ct ကူရှင်ပုံစံ ပတ္တမြားအဖြစ်သို့ ပြောင်းလဲလာကာ de Fura (Fura ကြယ်ပွင့်) ဟု အမည်ပေးခဲ့ပါသည်။ Sotheby's မှ ရှင်းပြချက်အရ ယင်းကို ဇွန်လ ၈ ရက်နေ့တွင် နယူးယောက်၌ လေလံတင်ရောင်းချမည်ဖြစ်ပြီး လေလံပွဲသမိုင်းတွင် အကြီးဆုံးသော ကျောက်မျက်ရတနာအဆင့် ပတ္တမြားဖြစ်ကြောင်း သိရပါသည်။