ယူနန်ပြည်နယ် နင်အယ်တွင် Orchid Mantis ဓားခုတ်ကောင်ကို ပထမဆုံးအကြိမ် ဓာတ်ပုံရိုက်မိ

(GMT+08:00)2023-04-19 14:01:55  

        မကြာခင်ရက်များက ယူနန်ပြည်နယ် နင်အယ်ခရိုင်မှ ရွာသား ကျူးဟွေလန်က အပြင်ထွက်ပြီး တောရိုင်း ဟင်းသီးဟင်းရွက်များကို ကောက်လိုက်သောအခါ အဖြူရောင် ဓားခုတ်ကောင် တစ်ကောင်ကို တွေ့ရှိခဲ့ပါသည်။ ယင်း ဓားခုတ်ကောင်သည် ပုံမှန် ဓားခုတ်ကောင်နှင့် အရောင်မတူရုံသာမက ပန်းပွင့်ပုံလည်း ယောင်ဆောင်နိုင်သည်။ ယင်း Orchid Mantis ဓားခုတ်ကောင်သည် အလွန်ရှားပါးပြီး မလေးရှားနိုင်ငံမှ အပူပိုင်း မိုးသစ်တောများတွင် အဓိကနေထိုင်ကြပြီး မကြာခင်နှစ်များကစ၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားပြည်နယ်ခွဲတွင်လည်း တွေ့ရှိခဲ့ပါသည်။