ကွမ်ရှီး လက်နက်ကိုင်ရဲတပ်ဖွဲ့ချုပ်မှ အထူးတပ်ဖွဲ့သည် လေ့ကျင့်မှုများကိုပြုလုပ်

(GMT+08:00)2023-04-19 14:05:52  

ယခုရက်များတွင် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လက်နက်ကိုင်ရဲတပ်ဖွဲ့ချုပ်မှ အထူးတပ်ဖွဲ့သည် ကြိုးဆွဲပြီးအပေါ်တက်ခြင်း၊ ဇောက်ထိုးပြီး အောက်ဆင်းခြင်း၊ မီတာ ၃၀၀ အတားအဆီးများကို ဖြတ်ကျော်ခြင်းစသည့် လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းလေ့ကျင့်မှုများဖြင့် အထူးတပ်ဖွဲ့ဝင်များ၏ ခိုင်မာသော စစ်ရေးစွမ်းရည်ရော စိတ်ပိုင်းဆိုင်ရာအရည်အသွေးပါ ပိုမို မြှင့်တင်ပေးပြီး အနာဂတ်တွင် အကြမ်းဖက်မှု အမျိုးမျိုး တိုက်ဖျက်ရေးဆိုင်ရာ အရေးပေါ်တာဝန်များကို ဆောင်ရွက်ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ချပေးမည်ဖြစ်ပါသည်။