ပဏာမတွက်ချက်မှုများအရ ၂၀၂၃ခုနှစ် ပထမသုံးလပတ်တွင် တရုတ်ပြည်၏GDP သည် ၄.၅ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2023-04-19 13:50:47  

    ဧပြီလ ၁၈ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲတွင်  ၂၀၂၃ ခုနှစ် ပထမသုံးလပတ် အမျိုးသား စီးပွားရေး လည်ပတ်မှု အခြေအနေကို ရှင်းလင်းဖေါ်ပြခဲ့ပါသည်။ ပဏာမတွက်ချက်မှုများအရ ပထမသုံးလပတ် GDP သည် ယွမ် ၂၈၄၉၉.၇ ဘီလီယံရှိပြီး ၂၀၂၂ခုနှစ်အလားတူအချိန်ကာလကထက် ၄.၅ရာခိုင်နှုန်း တိုးလာကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။