ယခုနှစ်သည် ဟောင်ကောင်အနုပညာရှင် Leslie Cheung Kwok Wing ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်ဖြစ်ပါသည်။ ဧပြီလ ၁၈ရက်နေ့တွင် ဟောင်ကောင်ရှိ ဒေသခံ အနုပညာရှင်များ သည် ဘတ်စ်ကားများအတွင်းနှင့် အပြင်ဘက်တွင် Leslie Cheung ၏ ပုံကို ပန်းချီဆွဲခဲ့ကြပါသည်။ ယင်းဘတ်စ်ကားသည် ဟောင်ကောင်ကျွန်းတွင် Leslie Cheung နေထိုင်လေ့ရှိသည့် နေရာ ၁၂ ခုကျော်ကို ဖြတ်သန်းသွားမည်ဖြစ်ပါသည်။ ယင်းသည် ဟောင်ကောင်သူဟောင်ကောင်သားများနှင့် ခရီးသည်းများအား Leslie Cheung ၏ ရုပ်ရှင်၊ သီချင်းနှင့် အနုပညာလောကမှ ရရှိခဲ့သော အောင်မြင်မှုများကို ပြန်လည် သတိရစေပြီး Leslie Cheung၏ အနုပညာကို ပြန်လည်ခံစားစေပါသည်။
ဟောင်ကောင် အနုပညာရှင်များသည် ဟောင်ကောင်ကျွန်းရှိ လည်ပတ်သည့် ဘတ်စ်ကားများတွင် Leslie Cheung ၏ ပုံကို ပန်းချီဆွဲ
(GMT+08:00)2023-04-19 14:06:52