ကိုရီးယားကျွန်းဆွယ်အခြေအနေနှင့် ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် တံခါးဖွင့်အစည်းအဝေးကို ကျင်းပ

(GMT+08:00)2023-04-18 13:06:06  

ဒေသစံတော်ချိန် ဧပြီလ ၁၇ ရက်နေ့၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ကိုရီးယားကျွန်းဆွယ် အခြေအနေနှင့် ပတ်သက်၍ တံခါးဖွင့်အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်း က ကိုရီးယားကျွန်းဆွယ်အနီးတစ်ဝိုက်တွင် အမေရိကန်၏ စစ်ရေးလေ့ကျင့်မှုကြောင့် ဖြစ်ပေါ်ခဲ့သော မြောက်ကိုရီးယား၏ လုံခြုံမှုဆိုင်ရာ ပူပန်မှုသည် ကျွန်းဆွယ်တွင် လက်ရှိတင်းမာမှု၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း၊ ဘက်အသီးသီးတို့အနေနှင့် တစ်ဖက်သား၏ တရားနည်းလမ်းကျသော စိုးရိမ်ပူပန်မှုများကို အလေးထားပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုများအတွက် အခြေအနေ ဖန်တီးသင့်ကြောင်း ပြောကြားခဲ့ပါသည်။