အမေရိကန်ကို မဟာအင်အားကြီး နိုင်ငံ အဖြစ် မြင်ထားသောခေတ် ပြီးဆုံးပြီဟု အီရန် ဆို

(GMT+08:00)2023-04-18 13:39:32  

 အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကာနာနီက unipolar ကမ္ဘာသည် မတည်ရှိတော့ကြောင်း၊ အမေရိကန်ကို မဟာအင်အားကြီးနိုင်ငံ အဖြစ် လူအများက မမြင်တော့ကြောင်း၊ အမေရိကန်သည် နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်သေးသော်လည်း အမေရိကန်ကို မဟာအင်အားကြီး နိုင်ငံ အဖြစ် မြင်ထားသောခေတ် ပြီးဆုံးပြီ ဖြစ်ကြောင်း ဒေသစံတော်ချိန် ယခုလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

   စောင့်ကြည့်လေ့လာသောပုဂ္ဂိုလ်များက အမေရိကန် ကျင့်သုံးသော ဗိုလ်ကျစိုးမိုးရေးဝါဒသည် အရှေ့အလယ်ပိုင်းဒေသနှင့် ကမ္ဘာ့ အခြားဒေသများအပေါ် ဆိုးကျိုးများ ဆက်တိုက် ဖြစ်စေခဲ့ပြီး မတည်ငြိမ်ဖွယ်ရာများစွာကို ဖြစ်စေခဲ့ကြောင်း၊ အမေရိကန်မှ စိုးမိုးမှု မရှိသော အရှေ့အလယ်ပိုင်းဒေသသည် ပိုမို သွေးစည်းညီညွတ်သော ပိုမို တည်ငြိမ်သော ပိုမို စည်ပင်သာယာသော အရှေ့အလယ်ပိုင်းဒေသ ဖြစ်နိုင်မည်ဟု များပြားလှသော နိုင်ငံများစွာက သတိ ပြုမိလာကြကြောင်း သုံးသပ်ခဲ့ကြပါသည်။