ယူဂန္ဓာ ဘဏ္ဍာရေးဝန်ကြီးသည် ဆင်းရဲမှုထောက်ပံ့ရေးပစ္စည်းများ ခိုးယူမှုသံသယရှိသဖြင့် အဖမ်းခံရ

(GMT+08:00)2023-04-18 13:05:16  

ဒေသစံတော်ချိန် ယခုလ ၁၇ ရက်နေ့က ယူဂန္ဓာ ဘဏ္ဍာရေးဝန်ကြီး Amos Lugolubi ကို တရားခုံရုံးသို့ ပို့ဆောင်ပြီး၊ ၄င်းသည် အဂတိလိုက်စားမှု ကျူးလွန်ခြင်းကို ငြင်းပယ် လိုက်သည်။ ယူဂန္ဓာ ရှေ့နေချုပ်သည် ဧပြီလ ၁၇ ရက်နေ့က Lugolubi အား ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခဲ့ပါသည်။ Lugolubi သည် ထိခိုက်လွယ်သော အားနည်းသူများထံသို့ ပေးဝေတော့မည့် အမိုးအကာများကို အလွဲသုံးစားခြင်း သံသယရှိသည်ဟု သတင်းအရသိရပါသည်။