ဆူဒန်နိုင်ငံ မြို့တော် Khartoum တွင် လက်နက်ကိုင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

(GMT+08:00)2023-04-18 13:07:22  

ဒေသစံတော်ချိန် ဧပြီလ ၁၇ ရက်နေ့က  ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နှင့် ဆူဒန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့များကြား လက်နက်ကိုင်ပဋိပက္ခများ မြို့တော် Khartoum နှင့် အခြားနေရာများတွင် ဆက်လက်ဖြစ်ပွားခဲ့ပါသည်။ ဆူဒန်ဗဟိုဆရာဝန်များကောင်စီမှ ထုတ်ပြန်သော နောက်ဆုံးသတင်းများအရ လက်နက်ကိုင်ပဋိပက္ခတွင် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးစစ်သားအရေအတွက်လည်း ရေတွက်ရန် မဖြစ်နိုင်တော့ကြောင်း သိရပါသည်။ ဧပြီလ ၁၇ ရက်နေ့ နံနက်အစောပိုင်းတွင် Khartoum မြို့ရှိ နေရာအများအပြားတွင် လေကြောင်းတိုက်ခိုက်မှုနှင့် ပေါက်ကွဲသံများ ကြားခဲ့ရပြီး ၂ နာရီခန့်ကြာမြင့်ခဲ့ကာ ထို့နောက် ပေါက်ကွဲသံများ အားပျော့သွားသော်လည်း တိုက်ပွဲကတော့ဆက်လက်ဖြစ်ပွားခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုအပြီး Khartoum အပြည်ပြည်ဆိုင်ရာလေဆိပ် မီးလောင်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားပါသည်။