ထိုင်းနိုင်ငံ တောင်ပိုင်း မုန်တိုင်းကြောင့် ငါးဖမ်းလှေ ၁၂ စီး တိမ်းမှောက်

(GMT+08:00)2023-04-18 13:04:31  

ဒေသစံတော်ချိန် ယခုလ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ နခွန်ဒေသတွင် ထိုင်းပြည်သူ့ ညီညွတ်ရေး ရန်ပုံငွေအဖွဲ့မှ ကယ်ဆယ်ရေးဝန်ထမ်းများသည် ငါးဖမ်းလှေ တိမ်းမှောက်မှု မှ အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်နေကြပါသည်။ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ပြင်းထန်သော မုန်တိုင်း တိုက်ခတ်မှုကြောင့် ငါးဖမ်းလှေ ၁၂ စီးတိမ်းမှောက် ခဲ့ပြီး လူပေါင်းများစွာ သေဆုံးကာ ငါးဖမ်းသမား ၁၀၀ ကျော် ပျောက်ဆုံးနေကြောင်း ထိုင်းအရာရှိက ထိုနေ့က ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။