ပဋိပက္ခကြောင့် လူ (၁၈၅)ဦးသေဆုံးပြီး (၁၈၀၀)ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆူဒန်နိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ဆို

(GMT+08:00)2023-04-18 13:44:45  

ဧပြီလ ၁၇ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဆူဒန်နိုင်ငံဆိုင်ရာ အထူးသံတမန် Volker Perthesက ဆူဒန် လက်နက်ကိုင်တပ်ဖွဲ့ နှင့် အမြန်ထောက်ပံ့ရေး တပ်ဖွဲ့အကြား လက်နက်ကိုင် ပဋိပက္ခများကြောင့် လူ(၁၈၅)ဦး သေဆုံးပြီး (၁၈၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနနှင့် ပြင်သစ်သတင်းဌာနမှ သတင်းကိုကိုးကား၍ China Media Groupမှ ဖော်ပြထားကြောင်း သိရပါသည်။