ဥရောပ၌ အကြီးဆုံး နျူကလီးယား လျှပ်စစ်ဓါတ်အားပေးယူနစ် စတင် ပုံမှန် လည်ပတ်

(GMT+08:00)2023-04-17 15:46:58  

ဒေသစံတော်ချိန် ဧပြီလ ၁၆ ရက်နေ့တွင် ဥရောပ၌ အကြီးဆုံး နျူကလီးယား လျှပ်စစ်ဓါတ်အားပေးယူနစ် ဖြစ်သည့် ဖင်လန်နိုင်ငံ အော်လ်ကီလူအော်တိုကျွန်း နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစခန်း၏ အမှတ်-၃ နျူကလီးယား ဓါတ်ပေါင်းဖိုသည် တရားဝင် စတင် လည်ပတ်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ယင်းနျူကလီးယားဓါတ်ပေါင်းဖိုသည် နှစ်ပေါင်း ၆၀ ကြာထက်မနည်း လတ်ပတ်မည် ဖြစ်ပြီး ဖင်လန်နိုင်ငံ၏ ဓါတ်အား လိုအပ်ချက် ၁၄ ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးမည်ဟု ဖင်လန် စက်မှု လျှပ်စစ်ဓါတ်အားကုမ္ပဏီက ၁၆ ရက်နေ့တွင် ကြေညာချက်တစ်ရပ်တွင် ခန့်မှန်းထားပါသည်။