တရုတ်-မြန်မာနယ်စပ်ဒေသတွင် တရုတ်ယွမ်ငွေ ၁၅သိန်း ၉သောင်းခန့်တန်ဖိုးရှိ မှောင်ခိုအေးခဲပစ္စည်း ၁၂တန် ဖမ်းဆီးရမိ

(GMT+08:00)2023-04-17 16:16:38  

တရုတ်နိုင်ငံ ယူနန်ပြည်နယ် Qingshuihe နယ်စပ်စစ်ဆေးရေးစခန်းသည် ဧပြီလ ၁၇ရက်နေ့တွင် မှောင်ခိုးရောင်းဝယ်သော တရုတ်ယွမ်ငွေ ၁၅သိန်း ၉သောင်းခန့်တန်ဖိုးရှိ အမဲသားခြောက်၊ နွားအစာအိမ်စသည့် အေးခဲပစ္စည်း ၁၂တန်ကို ဖမ်းဆီးရမိခဲ့ပါသည်။ 

လက်ရှိအချိန်တွင် ယင်းအမှုကို ကိုင်တွယ်ဖြေရှင်းရန် သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီ ဖြစ်ပါသည်။