ဆူဒန်တွင် လက်နက်ကိုင် ပဋိပက္ခကြောင့် လူ ၈၃ ဦး သေဆုံးပြီး ၁၁၂၆ ဦး ဒဏ်ရာရရှိ

(GMT+08:00)2023-04-17 16:01:59  

ဆူဒန်နိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခများကြောင့် လူ ၈၃ ဦး သေဆုံးပြီး ၁၁၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ သေကျေဒဏ်ရာရရှိမှုများသည် Khartoum၊ South Kordofan၊ North Darfur စသည့် ပြည်နယ်များတွင် ရှိပြီး ၎င်းတို့အနက် Khartoum မြို့တော်တွင် ပဋိပက္ခ အပြင်းထန်ဆုံးဖြစ်သည်။