ဂျပန်နိုင်ငံတွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်၏ ကိုယ်ထည်နှင့် ပျောက်ဆုံးသူ ၅ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိ

(GMT+08:00)2023-04-17 16:07:18  

ဧပြီလ ၁၆ရက်နေ့က ဂျပန်နိုင်ငံ Irabuကျွန်း အနီးရှိပင်လယ်အောက်ခင်းတွင် ယခင်က ပျက်ကျခဲ့သည့် ရဟတ်ယာဉ်၏ ကိုယ်ထည်နှင့် ပျောက်ဆုံးသော ကာကွယ်ရေးအဖွဲ့ဝင် ၅ဦး၏ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း၊ ရုပ်အလောင်းများကို အမြန်ဆုံး ဆယ်ယူပြီး အခြားပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း ဂျပန် ကာကွယ်ရေးအဖွဲ့က ကြေညာခဲ့ပါသည်။

၆ရက်နေ့ညနေပိုင်းက ဂျပန် ကာကွယ်ရေးအဖွဲ့မှ ရဟတ်ယာဉ် တစ်စင်းသည် Okinawaခရိုင် Miyakoကျွန်းရှိ အခြေစိုက်စခန်းမှ ခရီးထွက်ပြီး ၁၀မိနစ် အကြာတွင် ပျက်ကျခဲ့ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင် လူ၁၀ဦး တင်ဆောင်ခဲ့ကြောင်း သိရပါသည်။