လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားဆိုင်ရာ လုပ်ငန်းနှင့်ပတ်သက်သော ရှီကျင့်ဖိန် ၏ အရေးကြီးပြောဆိုချက်လေ့လာရေးစာအုပ်ကို ထုတ်ဝေဖြန့်ချိ

(GMT+08:00)2023-04-17 16:19:14  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ကျေးလက်လုပ်ငန်း ဦးဆောင်အဖွဲ့ရုံးမှ ဦးစီးရေးသားပြုစုသော  လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားဆိုင်ရာ လုပ်ငန်းနှင့်ပတ်သက်သော ရှီကျင့်ဖိန် ၏ အရေးကြီးပြောဆိုချက် လေ့လာရေးစာအုပ်ကို မကြာသေးမီက ပြည်သူ့ဖြန့်ချိထုတ်ဝေရေးဌာန၊ တရုတ်လယ်ယာစိုက်ပျိုးရေးဖြန့်ချိထုတ်ဝေရေးဌာတို့မှ ထုတ်ဝေပြီး တရုတ်နိုင်ငံတစ်နိုင်ငံလုံးတွင် ဖြန့်ချိခဲ့ပါသည်။

လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်သော ရှီကျင့်ဖိန် ၏ အရေးကြီးပြောဆိုချက်မှာ ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ် ထူးခြားချက်လက္ခဏာပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပြီး ခေတ်သစ်၊ ခရီးသစ်တွင် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမား ဆိုင်ရာလုပ်ငန်းအတွက် လုပ်ဆောင်ချက်လမ်းညွှန် ဖြစ်ပါသည်။