စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းပေါင်းစပ်ပြီး တရုတ်ဧက၆၅၀၀၀ရှိသည့် ဆန်စပါးနှင့် ကျောက်ပုစွန်(crawfish)မွေးမြူရေး စံပြအခြေစိုက်စခန်းကို တည်ဆောက်

(GMT+08:00)2023-04-17 15:51:13  

ဧပြီလ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် စုစုန်းခရိုင် ဟွာယန်ဟို စိုက်ပျိုးမွေးမြူရေးခြံရှိ တရုတ်ဧက၆၅၀၀၀ရှိ ဆန်စပါးနှင့် ကျောက်ပုစွန်(crawfish)မွေးမြူရေး စံပြအခြေစိုက်စခန်းတွင် လယ်သမားများက ကျောက်ပုစွန်များကို အစာကျွေးနေကြသည်။

မကြာသေးမီနှစ်များအတွင်း ဟွာယန်ဟိုစိုက်ပျိုးမွေးမြူရေးခြံသည် စပါးစိုက်ပျိုးခြင်းနှင့် ရေလုပ်ငန်းကို ပေါင်းစပ်ပြီး စပါးနှင့် ကျောက်ပုစွန်မွေးမြူရေးစံပြအခြေစိုက်စခန်းကို တည်ဆောက်ကာ ကျေးလက်လုပ်ငန်း ရှင်သန်ရေးကို မြှင့်တင်ပေးခဲ့သည်။