ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အကျဉ်းသား ၃၀၀၀ ကျော်အား လွတ်ငြိမ်းခွင့်ပြုကြောင်းကြေညာ

(GMT+08:00)2023-04-17 19:59:51  

ဧပြီလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနှစ်သစ် အခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့် လည်းကောင်း ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား ၁၀၃ ဦးတို့အားရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုကြောင်း၊ လွတ်ငြိမ်းခွင့်ရ နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးကြောင်းကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။