ဆူဒန် လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

(GMT+08:00)2023-04-17 15:57:52  

ဒေသစံတော်ချိန် ဧပြီလ ၁၅ ရက်နေ့က ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နှင့် အမြန်ထောက်ပံ့ရေးတပ်ဖွဲ့အကြား Khartoum မြို့တော် စသည့် ဒေသများတွင် ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သတင်းအရ သိရသည်။

ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် ဆူဒန်၏အခြေအနေကို အာရုံစိုက်နေပြီး ဆူဒန်တွင် အငြင်းပွားမှု ဖြစ်နေသော နှစ်ဖက်တို့ အမြန်ဆုံး အပစ်အခတ် ရပ်စဲရန် ပန်ကြားကြောင်း၊ ဆူဒန်မှ ဘက်အသီးသီးတို့သည် ဆွေးနွေးမှုများကို အားဖြည့်ပြီး နိုင်ငံရေး ကူးပြောင်းမှု ဖြစ်စဉ်ကို လက်တွဲ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။