ဂျပန်ဝန်ကြီးချုပ်ကို တိုက်ခိုက်မှုတွင် သံသယရှိသူအား ရှေ့နေရုံးသို့ လွှဲပြောင်းပေးအပ်

(GMT+08:00)2023-04-17 15:50:18  

ဝါကာယာမာ ခရိုင်ရှိ ရဲတပ်ဖွဲ့သည် ၁၅ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါအား ဖောက်ခွဲရေးပစ္စည်းများ ပစ်ချခဲ့သည့် သံသယရှိသူကို ရှေ့နေရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဂျပန်ကျိုဒိုသတင်းအေဂျင်စီမှ ၁၇ ရက်နေ့က ဖော်ပြချက်အရ သိရသည်။

ဒေသစံတော်ချိန် ၁၅ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ သည် ဝါကာယာမာခရိုင်ရှိ ရွေးကောက်ပွဲမဲဆွယ်ပွဲ၌ မိန့်ခွန်းပြောရန် ပြင်ဆင်နေချိန်တွင် အမျိုးသားတစ်ဦးသည် ဖောက်ခွဲရေးပစ္စည်းပစ်ချခြင်းကို ခံခဲ့ရသည်။