၃ နာရီကြာ အပစ်အခတ်ရပ်စဲရန် ကြေညာခဲ့သော်လည်း ဆူဒန်တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေဆဲ

(GMT+08:00)2023-04-17 16:00:50  

ဧပြီလ ၁၆ ရက်နေ့ညတွင် ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နှင့် အမြန်ထောက်ပံ့ရေးတပ်ဖွဲ့တို့သည် ၃ နာရီကြာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့သော်လည်း ထိုနေ့ညတွင် Khartoum နှင့် Omdurman တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဆူဒန်မီဒီယာများမှ သတင်းဖော်ပြခဲ့ပါသည်။

ဆူဒန်နိုင်ငံ မြို့တော် Khartoum ရှိ China Media Group မှ သတင်းထောက်က ထိုသို့သော အခြေအနေများကြောင့် ဆူဒန်ပြည်သူများသည် ရေနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် အစားအစာ ပြတ်တောက်မှုများကို ကြုံတွေ့ရပြီး ၎င်းတို့၏ နေထိုင်မှုဘဝ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဖော်ပြခဲ့ပါသည်။