ဧပြီလ၁၆ရက်နေ့ကထုတ်ဝေသည့်"ချူရှိ" မဂ္ဂဇင်းတွင် "ဖွံ့ဖြိုးတိုးတက်မှုအသွင်ပုံစံသစ်ကိုအရှိန်မြှင့် ဖွဲ့စည်းတည်ထောင်ပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၏ လက်ဦးမှုတို့ကို ဆုပ်ကိုင်ခြင်း" ခေါင်းစဉ်ဖြစ်သည့် သမ္မတရှီကျင့်ဖိန်၏ဆောင်းပါးကိုထုတ်ပြန်ပါသည်။
မိမိတို့နိုင်ငံလူဦးရေ၁.၄ဘီလီယံကျော်သည် ခေတ်မီလူ့အဖွဲ့အစည်းသို့ တက်လှမ်းနေပြီး ၎င်း၏အတိုင်းအတာသည်လက်ရှိဖွံ့ဖြိုးပြီးနိုင်ငံများ၏လူဦးရေပေါင်းစုကို ကျော်လွန်နေကာ ခက်ခဲမှုနှင့် ရှုပ်ထွေးမှု မကြုံစဖူးဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး၏ လက်ဦးမှုတို့ကိုဆုပ်ကိုင်ထားရမည်ဖြစ်ကြောင်းဆောင်းပါးတွင်ဖော်ပြသည်။