၁၃၃ကြိမ်မြောက် ကွမ်ကျိုး ကုန်စည်ပြပွဲ စတင်ကျင်းပ

(GMT+08:00)2023-04-16 10:59:29  

ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ၁၃၃ကြိမ်မြောက် ကွမ်ကျိုး ကုန်စည်ပြပွဲကို တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ်ကုန်စည်ပြပွဲကို ဧပြီလ ၁၅ရက်နေ့မှ မေလ ၅ရက်နေ့အထိ အချိန်ပိုင်း ၃ပိုင်းခွဲပြီး ကျင်းပမည်ဖြစ်ပြီး သမိုင်းတွင် အတိုင်းအတာ အကြီးမားဆုံး တစ်ကြိမ်ဖြစ်ကာ ပြခန်းပြဆောင်ဧရိယာနှင့် ပြပွဲပါဝင်သော လုပ်ငန်းကုမ္ပဏီအရေအတွက် နှစ်ခုစလုံးသည် စံချိန်တင်ခဲ့ပါသည်။ ယင်းသည် ၃နှစ်အတွင်း ကွမ်ကျိုး ကုန်စည်ပြပွဲကို ပထမဆုံးအကြိမ်အဖြစ် အော့ဖ်လိုင်းဖြင့် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး အော့ဖ်လိုင်းဖြင့် ပါဝင်ပြသသော လုပ်ငန်းကုမ္ပဏီများသည် ၃၄၀၀၀ ကျော်အထိတိုးလာကာ အွန်းလိုင်းပါဝင်ပြသသော လုပ်ငန်းကုမ္ပဏီက ၃၉၂၈၁ ခု ရှိပါသည်။ ၄င်းတို့အနက် နိုင်ငံနှင့် ဒေသပေါင်း၄၀မှ လုပ်ငန်းကုမ္ပဏီပေါင်း၅၀၈ခုသည် ပရော်ဖက်ရှင်နယ် ပြသဇုန် ၁၂ခုတွင် ပြသပြီး ၇၃ ရာခိုင်နှုန်က “Belt and Road” လမ်းတစ်လျှောက်ရှိ နိုင်ငံနှင့် ဒေသများမှလုပ်ငန်းကုမ္ပဏီများဖြစ်ပါသည်။