တရုတ်နိုင်ငံသည် Fengyun 3G ဂြိုဟ်တုကိုအောင်မြင်စွာလွှတ်တင်

(GMT+08:00)2023-04-16 13:36:03  

ဧပြီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၃၆ မိနစ်က တရုတ်နိုင်ငံမှ ပထမဆုံးသော ငိုက်ထောင့်နိမ့် ပတ်လမ်းမိုးရွာသွန်းမှုတိုင်းတာရေး ဂြိုဟ်တုဖြစ်သည့် Fengyun 3G ဂြိုဟ်တုကို Long March 4 B-Yao 51 သယ်ဆောင်ဒုံးပျံဖြင့် အောင်မြင်စွာလွှတ်တင်ခဲ့သည်။ ယင်းသည် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ မိုးရွာသွန်းမှုတိုင်းတာရေးဂြိုဟ်တုကို ပူးတွဲ လွှတ်တင်ပြီးနောက် လွှတ်တင်ခဲ့သော ကမ္ဘာပေါ်တွင်တတိယမြောက် မိုးရွာသွန်းမှုတိုင်းတာရေး ဂြိုဟ်တုပင်ဖြစ်ကြောင်း၊ ထိုအချိန်မှစ၍ တရုတ်နိုင်ငံသည် နေထွက်နေဝင်ချိန်၊ နံနက်ပိုင်း၊ ညနေပိုင်းနှင့် တိမ်းစောင်းပတ်လမ်း အပါအဝင် ကမ္ဘာမြေအနီး ပတ်လမ်း ၄ခုမှ မိုးလေဝသ ဂြိုဟ်တုများ တစ်ခါတည်းလည်ပတ်နိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်လာကြောင်း သတင်းအရ သိရပါသည်။