အမေရိကန် မိန်းပြည်နယ် Rockwood တွင် အန္တရာယ်ရှိသော ကုန်ပစ္စည်းများ တင်ဆောင်ထားသော ရထား လမ်းချော်

(GMT+08:00)2023-04-16 10:58:47  

ဧပြီလ ၁၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ မိန်းပြည်နယ် Rockwood တွင် အန္တရာယ်ရှိသော ကုန်ပစ္စည်းများ တင်ဆောင်ထားသော ရထားတစ်စင်း လမ်းချော်သွားခဲ့ပါသည်။ Rockwood မီးသတ်ကယ်ဆယ်ရေးဌာနသည် ၁၅ ရက်နေ့တွင် လမ်းချော်သွားသည့်ရထား၏ဓာတ်ပုံများကို လူမှုကွန်ရက်တွင်တင်ပြခဲ့ပြီး အနီးအနား၌ နေထိုင်သူများအား ခပ်ဝေးဝေး နေရန် တိုက်တွန်းသည်။ လက်ရှိအချိန်တွင် အဆိုပါ ရထားလမ်းချော်မှုတွင် ဒဏ်ရာရရှိသူ ရှိမရှိ မသိသေးကြောင်း China Media Group မှ သတင်းအရ သိရပါသည်။