ကမ္ဘာ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းရှိ “မိတ်ဆွေဟောင်း”နှစ်ဦးက အနာဂတ်ရေးကို ဤသို့ ဖွင့်လှစ်ပေးမည်

(GMT+08:00)2023-04-16 11:01:56  

   ဘရာဇီး သမ္မတ လူလာသည် ယခုလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ တရုတ်နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြည်သူ့ခန်းမဆောင်ကြီး၌ ဘရာဇီး သမ္မတ လူလာနှင့် တွေ့ဆုံရာမှာ တရုတ်နိုင်ငံသည် ဘရာဇီးနှင့်အတူ ခေတ်သစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး၏ အနာဂတ် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်လိုပါကြောင်း ပြောကြားခဲ့ပါသည်။ သမ္မတ လူလာကလည်း တရုတ်နိုင်ငံနှင့် ဆက်ဆံမှုကို ဘက်စုံ တိုးမြှင့်ရန်မှာ ဘရာဇီး ဥပဒပြုရေးဌာနနှင့် အလွှာပေါင်းစုံတို့ရဲ့ ပြင်းပြသော ဘုံဆန္ဒပင် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

   တရုတ်နှင့် ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းရှိ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံနှင့် အရေးကြီး ထွန်းသစ်စဈေးကွက်နိုင်ငံတို့ ဖြစ်ပါသည်။ သမ္မတ လူလာသည် တရုတ်နိုင်ငံသို့ လေးကြိမ်တိုင်တိုင် ခရီးလှည့်လည်ခဲ့ပြီး “တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်း” အဖြစ် လူအများက ခေါ်ဝေါ်ကြပါသည်။

   တွေ့ဆုံဆွေးနွေးပွဲမှာ ရှီကျင့်ဖိန်က “ပြတ်ပြတ်သားသား” သုံးရပ်နှင့် တရုတ်- ဘရာဇီး အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုနှင့် မဟာဗျူဟာမြောက် ကူးလူးဆက်ဆံမှု အခြေအနေကို ဖေါ်ပြထားပါသည်။ နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုသည် အဆင့်သစ်သို့ ရောက်လာပြီး ခေတ်သစ်တွင် တရုတ်-ဘရာဇီး ဆက်ဆံရေး၏ အခြေခံသည် ပိုမို ခိုင်ခံ့လာနေပါသည်။

     သတင်းထောက်များနှင့် တွေ့ဆုံရာတွင် လူလာက ဘရာဇီးသည် “ဘရာဇီး ခေတ်မီရေး လမ်းကြောင်း” စီမံကိန်းကို ဖေါ်ဆောင်နေပြီး တရုတ်နိုင်ငံသည် Belt and Road တည်ဆောက်မှု စီမံကိန်းနှင့် ဘရာဇီးနိုင်ငံ၏ ခေတ်မီရေး လမ်းကြောင်း စီမံကိန်းကို မဟာဗျူဟာမြောက် ချိတ်ဆက်မှု ပြုလုပ်ရန်ကို ဆွေးနွေး ရှာကြံလိုသည်ဟု ဖေါ်ပြကြောင်း၊ နှစ်ဖက်တို့သည် ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကို ချုပ်ဆိုခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။

   နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ခေတ်သစ်တွင် တရုတ်-ဘရာဇီး ဆက်ဆံမှုသည် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမို များပြားသော သုခချမ်းသာမှုကို ဆောင်ကြဉ်းပေးနိုင်မည်ဟု China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။