သင့် "ခြေထောက်" အဖြစ် ဆက်လက်လုပ်ပါရစေ

(GMT+08:00)2023-04-15 11:59:45  

ဂျုံးဟွာချန်နှင့် ကျူးကျင်းရှမ် တို့သည် တရုတ်နိုင်ငံ ကျန်းရှီး ပြည်နယ် နန်ခမ်း အလယ်တန်းကျောင်းမှ ကျောင်းသားနှစ်ဦးဖြစ်ပါသည်။ ၄င်းတို့သည် မူလတန်းကျောင်း တတိယတန်းမှ အထက်တန်းကျောင်း တတိယတန်းအထိ စားပွဲတစ်လုံးတည်းတွင် ထိုင်ကြသည့် အတန်းဖော် ဖြစ်ကြပါသည်။

ဂျုံးဟွာချန်သည် မွေးရာပါ ဦးနှောက်ချို့ယွင်းမှုဝေဒနာကို ခံစားနေရပြီး ခြေထောက်နှစ်ဖက် ပုံမှန် လမ်းမလျှောက်နိုင်သောကြောင့် လွန်ခဲ့သည့် ၁၀နှစ်အတွင်း ကျူးကျင်းရှမ်သည် ဂျုံးဟွာချန်၏ "ခြေထောက်" အဖြစ်လုပ်ပြီး ၄င်းကို ကျောပိုးကာ ၄င်းနှင့်အတူ ကြီးပြင်းလာခြင်း ဖြစ်သည်။ စာသင်မှုထူးချွန်သောဂျုံးဟွာချန်သည်လည်း ပညာသင်ကြားရာတွင် ကျူးကျင်းရှမ်ကို အမြဲတမ်း ကူညီပေးလေ့ရှိပါသည်။

ယခုနှစ် ဇွန်လတွင် ဂျုံးဟွာချန်နှင့် ကျူးကျင်းရှမ်တို့သည် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဖြေကြရတော့မည်ဖြစ်ပါသည်။ ၄င်းတို့သည် တက္ကသိုလ်ကျောင်း တစ်ကျောင်းတည်း ဝင်ခွင့်ရပြီး အတန်းဖော် ဆက်လက်ဖြစ်သွားနိုင်ရန် မျှော်လင့်ပါသည်။