ယူကရိန်းအကျပ်အတည်းကြောင့် ယမန်နှစ်ကယူကရိန်း၏ GDPမှာ ၂၉.၁ ရာခိုင်နှုန်းကျဆင်း

(GMT+08:00)2023-04-15 11:44:29  

ယူကရိန်းအမျိုးသားစာရင်းအင်းဌာနမှမကြာခင်ရက်များကထုတ်ပြန်ခဲ့သောနောက်ဆုံးစာရင်းအရ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံမှ GDPက မပြောင်းလဲသောဈေးနှုန်းဖြင့် တွက်ချက်ပါကhryvniaပေါင်း ၃၈၆၅.၇၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၄.၇ ဘီလီယံခန့်)  ရှိပြီး ၂၀၂၁ခုနှစ်ကထက် ၂၉.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ယင်းသည် လွန်ခဲ့သည့် နှစ် ၃၀ ကျော်အတွင်း ယူကရိန်းနိုင်ငံကြုံတွေ့ခဲ့ရသော အဆိုးရွားဆုံး စီးပွားရေး ကျဆင်းမှုပင်ဖြစ်ကြောင်းသတင်းအရသိရပါသည်။