ရှီကျင့်ဖိန်သည် ဘရာဇီးသမ္မတ Lula နှင့် တွေ့ဆုံ

(GMT+08:00)2023-04-15 11:59:00  

ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်နေသော ဘရာဇီးနိုင်ငံ သမ္မတ Lula နှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့်ဘရာဇီး နှစ်နိုင်ငံတို့သည် ကမ္ဘာ့အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိသည့် အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံနှင့် အရေးကြီး ထွန်းသစ်စဈေးကွက်နိုင်ငံ ဖြစ်ပြီး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ကာ ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများ ရှိပါကြောင်း၊ မိမိသည် သမ္မတ Lula နှင့်အတူ မဟာဗျူဟာရှုထောင့်မှနေ ခေတ်သစ် တရုတ်-ဘရာဇီး ဆက်ဆံရေး၏ အနာဂတ်သစ်ကို ဦးဆောင် ဖွင့်လှစ်ပေးပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော သုခချမ်းသာမှုကို ဆောင်ကြဉ်းပေးလိုပါကြောင်း၊ ဆက်တိုက် ပုံမှန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သည့် တရုတ်-ဘရာဇီး ဆက်ဆံရေးသည် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြုသဘောဆောင်ပြီး အရေးပါသော အကျိုးများ ပြုသွားမည်ဟု မိမိ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။