အမေရိကန်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ခိုးနားထောင်သည်ဟု ဗြိတိန် မီဒီယာ ဖေါ်ပြ

(GMT+08:00)2023-04-15 11:56:54  

 အွန်လိုင်းပေါ်တွင် တင်ထားသော အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ လျှို့ဝှက် စာရွက်စာတမ်းများအရ အမေရိကန် အစိုးရသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို တစ်လျှောက်လုံး ခိုးနားထောင်နေပြီး စာရွက်စာတမ်းအချို့တွင် ဂူတာရက်စ်နှင့် ၄င်း၏ လက်ထောက် ကြားတွင် ကိုယ်ရေး ဆက်သွယ်မှု အချက်အလက်များကို ဖော်ပြထားကြောင်း BBC မှ ယခုလ ၁၂ ရက်နေ့က သတင်းဖေါ်ပြခဲ့သည်။

   ယင်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒူယာရစ်က ကုလသမဂ္ဂသည် ဆက်သွယ်မှု လုံခြုံရေးကို ပြုပြင်တိုးမြှင့်ရန် အစွမ်းကုန် ကြိုးပမ်းနေသည်ဟု ပြောကြားပြီး အဖွဲ့ဝင်နိုင်ငံများ အနေနှင့် ကုလသမဂ္ဂ၏ ဆက်သွယ်မှု လုံခြုံရေးကို လေးစားရန် ၁၃ ရက်နေ့တွင် ပန်ကြားခဲ့ပါသည်။