တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကွမ်တုန်းပြည်နယ်၌ လေ့လာကြည့်ရှု

(GMT+08:00)2023-04-15 11:57:50  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက ကွမ်တုန်းပြည်နယ်၌ လေ့လာ ကြည့်ရှုရာတွင် ကွမ်တုန်းပြည်နယ်သည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး၏ ရှေ့ပြေးနေရာနှင့် စမ်းသပ်ဇုန် ဖြစ်ပြီး တရုတ်အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှုတွင် အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ အင်အားတောင့်တင်းသောနိုင်ငံတော် တည်ဆောက်ရေးနှင့် အမျိုးသား ရှင်သန်ရေး ရည်မှန်းချက်အရ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည့် အဓိက လုပ်ငန်းတာဝန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ် ဖွဲ့စည်းထူထောင်ရေး ဖြစ်သည့် မဟာဗျူဟာမြောက် လုပ်ငန်းတာဝန်ကို ဝိုင်းဝန်းပြီး ပြုပြင်ပြောင်းလဲရေးကို ဘက်စုံ ဇောက်ချပြုလုပ်၍ အရည်အချင်းမြင့်မားသော တံခါးဖွင့်ရေးကို တိုးချဲ့ဆောင်ရွက်ကာ တရုတ်အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှုတွင် ရှေ့တန်းနေရာ၌ ချီတက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု  China Media Groupမှ သတင်းအရ သိရပါသည်။