တရုတ်-လာအိုရထားလမ်း၏ နိုင်ငံတကာ ခရီးသည်တင်ရထား စတင် ပြေးဆွဲ

(GMT+08:00)2023-04-14 15:07:00  

ယခုလ ၁၃ ရက်နေ့က တရုတ်-လာအို ရထားလမ်း၏ လာအို Boten ဘူတာတွင်  ဝန်ထမ်းများသည် Boten သို့ ဆိုက်ရောက်လာသည့် D887 နိုင်ငံတကာခရီးသည်တင် ရထားမှ ခရီးသည်များအား ကြိုဆိုခဲ့ကြပါသည်။

တရုတ်-လာအို မီးရထားလမ်းတွင် တရုတ်နိုင်ငံ ကူမင်းတောင်ဘူတာနှင့် လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာမှ အပြန်အလှန်ပြေးဆွဲသည့် D887 နှင့် D888 နိုင်ငံတကာခရီးသည်တင်ရထားများကို ဧပြီလ ၁၃ ရက်နေ့က စတင်ပြေးဆွဲခဲ့သည်ဟု သတင်းအရသိရပါသည်။