ထိုင်းနိုင်ငံ Nong Khai၌ သင်္ကြန်ပွဲတော်ကို ဆင်နွှဲ

(GMT+08:00)2023-04-14 15:06:21  

    ဧပြီလ ၁၃ရက်နေ့က ထိုင်းနိုင်ငံ Nong Khaiမြို့၌ ပြည်သူများသည် သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြပါသည်။ နှစ်စဉ် ဧပြီလ ၁၃ရက်နေ့မှ ၁၅ရက်နေ့အထိ ထိုင်းနိုင်ငံ၏ ရိုးရာနှစ်သစ် Songkranပွဲတော်ဖြစ်ပါသည်၊ သင်္ကြန်ပွဲတော်လို့လည်း ခေါ်ဝေါ်လေ့ရှိပါသည်။ လူများသည် အပြန်အလှန်ရေပက်ဖျန်းခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုကာ ဆုမွန်ကောင်းတောင်းကြပါသည်။