ဘရာဇီး-တရုတ်ဆက်ဆံရေးနှင့် BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို ဘရာဇီးနိုင်ငံ သမ္မတ တန်ဖိုးထားချီးကျူး

(GMT+08:00)2023-04-14 15:04:50  

ဧပြီလ ၁၃ရက်နေ့က တရုတ်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသည့် ဘရာဇီး နိုင်ငံသမ္မတ လူလာ သည် ရှန်ဟိုင်းမြို့အခြေစိုက် New Development Bank ရုံးချုပ်သို့ သွားရောက်ပြီး New Development Bank ဥက္ကဋ္ဌသစ်၊ ဘရာဇီးနိုင်ငံသမ္မတဟောင်း မဒမ် Dilma Rousseff ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ပါသည်။ သမ္မတ လူလာ က ဘရာဇီးနှင့် တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ် ခိုင်မာပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ထူးခြားကြောင်း၊ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ မိမိအနေဖြင့် သမ္မတတာဝန်ထမ်းဆောင်သည့် ကာလအတွင်းတွင် ဘရာဇီး-တရုတ်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ရှေ့သို့ ချီတက်ရန် ကြိုးပမ်းတွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ လူလာ သည် BRICS နိုင်ငံများပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထား ချီးကျူးပြီး New Development Bank ၏ ဖွံ့ဖြိုးတိုးတက်ရေးရှေ့အလားအလာအပေါ် မျှော်လင့်ချက်များ ထားရှိပါသည်။ သမ္မတ လူလာ က New Development Bank သည် ထွန်းသစ်စနိုင်ငံများ ဖွဲ့စည်းတည်ထောင်သည့် ပထမဆုံးသော ဘက်ပေါင်းစုံဖွံ့ဖြိုး တိုးတက်ရေးဘဏ် ဖြစ်ကြောင်း၊ ယင်းသည် ထွန်းသစ်စ နိုင်ငံများ အနေနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်သော၊ မညီမျှမှုကို လျှော့ချနိုင်သော၊ ပိုမိုဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်သော ကမ္ဘာကြီးကို ထူထောင်ပြီး ကမ္ဘာကို ပြောင်းလဲစေရန် စွမ်းဆောင်ရည် ရှိသည်ဟု ဖော်ပြနိုင်ကြောင်း ပြောကြားခဲ့ပါသည်။