ရုရှား Shiveluchမီးတောင် ပေါက်ကွဲပြီး ပြာများ ကျေးရွာများကို ဖုံးလွှမ်း

(GMT+08:00)2023-04-14 15:05:57  

ဧပြီလ ၁၂ရက်နေ့က ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ် Shiveluch မီးတောင် ပေါက်ကွဲခဲ့ပြီးနောက် အနီးတဝိုက်ရှိ ကျေးရွာများကို ပြာများဖုံးလွှမ်းသွားပါသည်။ Shiveluchမီးတောင်သည် Kamchatkaကျွန်းဆွယ်ပေါ်တွင် အကြီးဆုံးမီးတောင်တွေထဲက တစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် (၃၂၈၃)မီတာရှိပါသည်။