မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ကြောင်း ကြေညာ

(GMT+08:00)2023-04-14 15:08:07  

မြောက်ကိုရီးယားသည် လောင်စာအခဲများကို အသုံးပြု၍ ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီက ၁၄ ရက်က ဖော်ပြခဲ့ပါသည်။ မြောက်ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်က ယခုအကြိမ်စမ်းသပ်ပစ်လွှတ်မှုကို ညွှန်ကြားပေးခဲ့ပါသည်။