၁၀ နှစ်ကြာပြီးနောက် ကွမ်ရှီးတွင် ထူးခြားသောမျိုးစိတ် Gastrodia damingshanensis A. Q. Hu & T. C. Hsu ကို ထပ်မံတွေ့ရှိ

(GMT+08:00)2023-04-14 15:07:24  

ဧပြီလ ၁၂ ရက်နေ့တွင် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တာ့မြင်စန်းတောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းကာကွယ်ရေးဇုန် စီမံခန့်ခွဲရေးဌာနမှသတင်းအရ  ယင်းဌာနမှ ဝန်ထမ်းများသည် တာ့မြင်စန်းတောင်ထိန်းသိမ်းကာကွယ်ရေးဇုန်ရှိ ရှားပါးသစ်ပင်အရင်းအမြစ်များကို စစ်တမ်းကောက်ယူသောအခါ တာ့မြင်စန်းတောင်၏ထူးခြားသောမျိုးစိတ်ဖြစ်သည့် Gastrodia damingshanensis A. Q. Hu & T. C. Hsu ကို ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရပါသည်။