ကနေဒါအစားအသောက် ကုန်စည်ပြပွဲကို တိုရွန်တိုမြို့တွင် ကျင်းပ

(GMT+08:00)2023-04-14 15:07:44  

ဒေသစံတော်ချိန် ဧပြီလ ၁၀ ရက်နေ့က ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် စမတ်အိမ်တွင်း အပင်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဆိုင်ရာ ကိရိယာတစ်ခုသည် အစားအသောက် ကုန်စည်ပြပွဲတွင် ပရိသတ်များ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ၂၀၂၃ခုနှစ် ကနေဒါအစားအသောက်ကုန်စည်ပြပွဲကို တိုရွန်တိုတွင် ဖွင့်လှစ်ခဲ့ပြီး ၃ ရက်ကြာကျင်းပကာ ကနေဒါနှင့် ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီပေါင်း ၅၀၀ ကျော်ကို ဆွဲဆောင်ခဲ့ပါသည်။ စီစဉ်သူ၏အဆိုအရ ပြပွဲတွင် အစားအသောက်နှင့်ပတ်သက်သည့် လုပ်ငန်းကျွမ်းကျင်ပညာရှင် ၂၀၀၀၀ ခန့်ကို ဆွဲဆောင်နိုင်ခဲ့သည်ဟုသိရပါသည်။