မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ဘေကျင်းမြို့အခြေစိုက် မြန်မာသံရုံး၌ ကျင်းပ

(GMT+08:00)2023-04-14 15:05:35  

၂၀၂၃ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို တရုတ်နိုင်ငံ ဘေကျင်းမြို့အခြေစိုက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာ အထူးသံတမန် တိန့်ရှီးကျွင်း၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့်အတူ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ သံအမတ်ကြီးများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး မြန်မာသံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ မြန်မာသံရုံး မိသားစုယိမ်းအဖွဲ့၊ မြန်မာစစ်သံရုံး (ကြည်း၊ရေ၊လေ) မိသားစုယိမ်းအဖွဲ့၊ မြန်မာကျောင်းသားများယိမ်းအဖွဲ့၊ တရုတ်ကျောင်းသားများ နှင့် စစ်သံရုံးမှ သမီးငယ်လေးများက ယိမ်းအကအလှများနဲ့ ဖျော်ဖြေတင်ဆက် ကြပြီး မြန်မာအစားအစာ များလည်းကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရပါသည်။