ရှီကျင့်ဖိန်သည် ကွမ်ကျိုးမြို့သို့ ကွင်းဆင်းလေ့လာ

(GMT+08:00)2023-04-13 17:05:31  

    ယခုလ ၁၂ရက်နေ့က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ LG Display ကုမ္ပဏီ၏ ထုတ်လုပ်မှု အခြေစိုက် စခန်းနှင့် GAC AION စွမ်းအင်သစ်သုံး မော်တော်ယာဉ် ကုမ္ပဏီ လိမီတက်တို့ကို ရှေ့ဆင့်နောက်ဆင့် သွားရောက်ပြီး အရည်အသွေးမြင့်မားသော တံခါးဖွင့်မှုနှင့် ကုန်ထုတ်လုပ်မှု အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးခြင်းနှင့် လုပ်ငန်းကုမ္ပဏီများ၏ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ကုန်အမှတ်တံဆိပ် တီထွင်ဖန်တီးခြင်း စသည့် အကြောင်းအရာများကို သိရှိရန် ကြည့်ရှုလေ့လာကာ လုပ်ငန်း ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ သိပံ္ပနည်းပညာ သုတေသန ဝန်ထမ်းများနှင့် ရှေ့တန်းအမှုထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။