တရုတ် ပုံစံ ခေတ်မီရေးသည် ရည်မှန်းချက်၊ စီမံခန့်ခွဲမှုနှင့် မဟာဗျူဟာ ရှိသည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2023-04-13 17:08:53  

ယခုလ ၁၂ရက်နေ့ ညနေပိုင်းက ကွမ်ကျိုးမြို့တွင် ကွင်းဆင်းလေ့လာနေသည့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် GAC ကုမ္ပဏီ အုပ်စု၏ သုတေသန ဌာနသို့ ရောက်ရှိပြီး သိပ္ပံနည်းပညာ သုတေသန ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ သာမန် ဝန်ထမ်းများနှင့် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများမှ ကိုယ်စားလှယ်များအား ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

ရှီကျင့်ဖိန်က တရုတ် ပုံစံ ခေတ်မီရေး၏ အနှစ်သာရသည် အနောက်တိုင်း ပုံစံ ခေတ်မီရေးနှင့် မတူခြားနားကြောင်း၊ အနောက်တိုင်း ပုံစံ ခေတ်မီရေး၏ အစွန်းနှစ်ဖက် ကွဲပြားလာခြင်းနှင့် အခြားနိုင်ငံများအား လုယက်ခြင်း လမ်းကြောင်းကို မိမိတို့ မလျှောက်လှမ်း နိုင်သလို လျှောက်လှမ်းလျှင် ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိနိုင်မည်လည်း မဟုတ်ကြောင်း၊ တရုတ် ပုံစံ ခေတ်မီရေးသည် တရုတ်ပြည်၏ လက်တွေ့အခြေအနေကို မူတည်ပြီး တရုတ် ဝိသေသ ထူးခြားချက်နှင့် ကိုယ်ညီကာ ရည်မှန်းချက်၊ စီမံခန့်ခွဲမှုနှင့် မဟာဗျူဟာ ရှိကြောင်း၊ မိမိတို့သည် ခြေလှမ်းမှန်မှန်ဖြင့် ဇောက်ချတွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။