အတွင်းမွန်ဂိုး၏ နွားဈေး

(GMT+08:00)2023-04-13 19:19:40  

    ဧပြီလ ၁၂ရက်နေ့က အတွင်းမွန်ဂိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ထွန်းလျော်မြို့ရှိ ချိန်ဖုန်း အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်ရေးဈေးကွက်ထဲမှာ အလုပ်ရှုပ်နေတဲ့မြင်ကွင်းကို တွေ့နိုင်ပါတယ်။ ကုန်တင်ကား အစီးရေပေါင်း ၁၀၀၀ကျော် စနစ်တကျတန်းစီ နေတာတွေ့ရသလို နွား အကောင်ရေ ၁၀၀၀၀ကျော် ရောင်းဝယ်နေပါတယ်။ ဒီရောင်းဝယ်ရေးဈေးကွက်မှာ နှစ်စဉ် နွားပေါင်း ၈သိန်းကို ရောင်းဝယ်လျက်ရှိပြီး ရောင်းဝယ်ရေးပမာဏ တရုတ်ငွေ ယွမ် ၈ဘီလီယံရှိတယ်လို့ သိရပါတယ်။