ဟိုင်နန်း၏ အခွန်လွတ်ဈေးဝယ်မှု စုစုပေါင်း ပမာဏသည် ယွမ် ၁၅၀ ဘီလီယံနီးပါးရှိ

(GMT+08:00)2023-04-13 17:04:46  

ယခုနှစ် ဧပြီလ ၁၃ ရက်နေ့သည် တရုတ်နိုင်ငံက ဟိုင်နန်းပြည်နယ်တွင် တရုတ် လက္ခဏာများပါရှိသည့် လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်း တည်ဆောက်ရန် ကြေညာခြင်း ၅နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။

ဟိုင်နန်း လွတ်လပ်သော ကုန်သွယ်မှု ဆိပ်ကမ်း တည်ဆောက်ခြင်း ၅နှစ်တွင် အခွန်လွတ် လုပ်ငန်း ဆက်လက် ဖွံ့ဖြိုးတိုးတက်လာပြီး လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်း၏ အဓိက အမှတ်တံဆိပ် ဖြစ်လာပါသည်။ ယခုနှစ် ဧပြီလ ၁၁ ရက်နေ့အထိ ဟိုင်နန်း လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း၏ အခွန်လွတ်ဈေးဝယ်မှု ပမာဏသည် ယွမ် ၁၅၀ ဘီလီယံနီးပါးရှိပြီး ဈေးဝယ်သူဦးရေ ၂၃.၅၂ သန်းနှင့် ဈေးဝယ်ပစ္စည်း အရေအတွက်မှာ ၂၂၆ သန်းခန့်ရှိခဲ့ပါသည်။