စီချွန်းပြည်နယ် ဇီကျွန်ခရိုင်ရှိ “ခရမ်းချဉ်သီးခြံ”တွင် နေ့စဉ် ၂ တန် ကျော် ကို ခူးဆွတ်နိုင်

(GMT+08:00)2023-04-13 19:06:48  

ယခုရက်များက စီချွန်းပြည်နယ် ဇီကျွန်ခရိုင်ရှိ ခေတ်မီလယ်ယာစိုက်ပျိုးရေးခြံတွင် ရွာသူရွာသားများသည် စမတ်ကျသော ဖန်လုံအိမ်မှာ ခရမ်းချဉ်သီးများကို ခူးဆွတ်နေကြ ပါသည်။

 ယခုနှစ်များက ဇီကျွန်ခရိုင်သည် လယ်ယာစိုက်ပျိုးရေးကို အရှိန်အဟုန် ကောင်း ကောင်းဖြင့် ဖွံ့ဖြိုးစေပြီး၊ ဉာဏ်ရည်ထက်မြက်သည့် အပူချိန်ထိန်းညှိရေးနှင့် မြေဆီလွှာမဲ့ စိုက်ပျိုးရေးစသည့် ခေတ်မီနည်းပညာများကို အသုံးပြုပြီး၊ စိုက်ပျိုးရေးအထွက်နှုန်းစွမ်းဆောင်ရည်ကို မြှင့်တင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ယင်းခြံ၏ နေ့စဉ်ခူးဆွတ်မှု ပမာဏမှာ ၂ တန် ကျော်ဖြစ်သည်ဟု သတင်းအရသိရပါသည်။