ကျေးလက်ဒေသ ထူးခြားချက်ပါ လုပ်ငန်းများသည် ကျယ်ပြန့်သော အလားအလာရှိသည်ဟုရှီကျင့်ဖိန်ဆို

(GMT+08:00)2023-04-13 17:02:54  

        မကြာခင်က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ကွမ်တုန်း ပြည်နယ် မောက်မြင်မြို့ ပိုချောင်ရွာသို့ သွားရောက်ခဲ့ပါသည်။ လိုက်ချီးစိုက်ခင်းများနှင့် စိုက်ပျိုးရေးသမဝါယမများသို့ လေ့လာကြည့်ရှုပြီး ယင်းဒေသက လိုက်ချီးစိုက်ပျိုးရေးအပါအဝင် ထူးခြားချက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကျေးလက်ပြန်လည်ရှင်သန်ရေး မြှင့်တင်ရေးတို့ကို လေ့လာခဲ့ပါသည်။ရှီကျင့်ဖိန်က ရွာသားများသည် လိုက်ချီးဝိသေသလုပ်ငန်းများ ဖော်ဆောင်ခြင်းဖြင့် ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေး မြှင့်တင်ပေးခြင်းကို ချီးကျူးခဲ့ပါသည်။ ဤသည်မှာ လိုက်ချီး၏ဇာတိမြို့ ဖြစ်ပြီး လိုက်ချီးစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးသည် ဘုံသာယာဝပြောရေးနှင့် ကျေးလက်ပြန်လည်ရှင်သန်ရေးကို မြှင့်တင်ရန် ထိရောက်သောဆောင်ရွက်ချက်တစ်ခုဖြစ်ကာ ကျေးလက်ဝိသေသလုပ်ငန်းသည် ကျယ်ပြန့်သော အလားအလာရှိသည်ဟု ရှီကျင့်ဖိန်က ပြောကြားခဲ့ပါသည်။