တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့် အမေရိကန်တို့မှ ပူးတွဲကြေညာချက်အပေါ် လေးနက်စွာ အလေးထားပြီး ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-04-13 17:04:12  

   ဧပြီလ ၁၁ရက်နေ့တွင် ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် “2+2” ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ရာတွင် တရုတ်နိုင်ငံအား ၂၀၁၆ ခုနှစ် တောင်တရုတ်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ချက်ဆိုသည်ကို လိုက်နာရန် တောင်းဆိုခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့် အမေရိကန်တို့မှ ထုတ်ပြန်သော ပူးတွဲကြေညာချက်အပေါ် လေးနက်စွာ အလေးထားပြီး ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ကြောင်း  ဧပြီလ ၁၂ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ဝမ်ဝင်ပင်က တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ရှိ ကျွန်းများနှင့် ၎င်းတို့၏ ပင်လယ်ရပ်ဝန်းအပေါ် အငြင်းပွားမှုမရှိသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိကြောင်း အလေးပေးပြောကြားခဲ့ပါသည်။