တရုတ်-လာအို မီးရထားလမ်းမှ ပတမဆုံးနိုင်ငံတကာ ခရီးသည်တင်ရထား စတင်ပြေးဆွဲ

(GMT+08:00)2023-04-13 17:03:22  

ဘေကျင်းစံတော်ချိန် ဧပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၈ မိနစ်တွင် တရုတ်-လာအို မီးရထားလမ်း၏ ပထမဆုံး နိုင်ငံတကာခရီးသည်တင်ရထား D887 သည် ကူမင်းမြို့မှ ထွက်ခွာပြီး လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ဦးတည်ပြေးဆွဲသွားခဲ့ပါသည်။ ၁၃ ရက်နေ့မှစ၍ တရုတ်-လာအို မီးရထားလမ်းသည် ကူမင်းတောင်ဘူတာရုံနှင့် ဗီယင်ကျန်းဘူတာရုံတို့ အကြား နိုင်ငံတကာခရီးသည်တင်ရထားများ စတင် အပြန်အလှန် ပြေးဆွဲတော့မည်ဖြစ်ပါသည်။ ကူမင်းမှ ဗီယင်ကျန်းသို့ ရထားဖြင့် တစ်နေ့တည်းတွင် ရောက်နိုင်ပါသည်။